Popular Posts

Tuesday, October 9, 2012

Photoshop တွင်အရောင်များအသုံးပြုနည်း

Photoshop တွင်အရောင်များဘယ်လိုသုံးမလဲ


Photoshop တွင်အရောင်များကိုနည်းစနစ်အမျိုးမျိုးဖြင့်အသုံးပြုနိုင်သည်။ အများဆုံးသုံးသောစနစ်များမှာ RGB (Red, Green, Blue) နှင့် CMYK (Cyan, Magenta, Yellow, Black) တို့ဖြစ်ပါတယ်။ Tools Box ထဲက foreground color နဲ့ background color တို့ကို click နှိပ်တာနဲ့ Color Picker မှာအရောင်များကိုရွေးချယ်နိုင်ပါတယ်။ မျက်စိအမြင်နဲ့ဖြစ်စေ တန်ဖိုးနဲ့ဖြစ်စေရွေးချယ်နိုင်ပါတယ်။
အရောင်များကိုတန်ဖိုးနဲ့ရွေးချယ်ရာမှာတော့ Decimal value ( 0 မှ 255 ထိ ) နဲ့ဖြစ်စေ Hex value (00 မှ FFထိ ) နဲ့ဖြစ်စေရွေးယူ နိုင်ပါတယ်။ ဥပမာ RGB စနစ်မှာအနီရောင်စစ်စစ်ကိုရယူလိုလျင် Decimal value တွင် (255,0,0) သို့မဟုတ် Hex value တွင် (FF,00,00) ဟုရိုက်ရပါမည်။

 
အရောင်စနစ်များတွင် မူလရောင် ( ဥပမာ RGB စနစ်တွင်မူလရောင်သည် Red, Green and Blue , CMYK စနစ်တွင်မူလရောင်သည် Cyan, Magenta, Yellow, Black) များကိုပေါင်းစပ်ခြင်းဖြင့် တစ်ဆင့်ရောင်နှင့် အခြားအရောင်များကိုရရှိပါသည်။သို့ဖြင့် RGB စနစ်တွင်  အ၀ါ ရောင်ရလိုပါက Red နှင့် Green တို့ကိုတန်ဖိုးအများဆုံး (255,255,0) ပေးကာရောစပ်ပေးရပါမည်။ အလားတူအခြားအရောင်များကိုလည်း ပေါင်းစပ် ရယူနိုင်ပါသည်။ အကယ်၍သင်ရွေးလိုက်သောအရောင်ဟာ print ထုပ်လို့မရနိုင်ရင် out of gamut for printing sign လေးပေါ်လာ ပါလိမ့်မယ် ဒါမှမဟုတ် web page တွေမှာမပြနိုင်ဘူးဆိုရင် not a web safe color sign လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီ sign လေးကို mouse နဲ့ click နှိပ်ပေးလိုက်တာနဲ့ နီးစပ်တဲ့တခြားအရောင်တစ်ခု ကို photoshop ကရွေးချယ်ပေးပါလိမ့်မယ်။
 








RGB စနစ်ကို monitor, photo printing services နှင့်အခြားသောလုပ်ငန်းများတွင်သုံးပြီး CMYK ကိုတော့ ပုံနှိပ် offset နှင့် vinyl printing ကဲ့သို့သောလုပ်ငန်များတွင်သုံးပါတယ်။ ပုံတစ်ခုတွင် RGB စနစ်မှ CMYK စနစ်သို့ဖြစ်စေ CMYK စနစ်မှ RGB စနစ်သို့ဖြစ်စေ ပြောင်းလဲခြင်းသည်  အသုံးပြုထားသောအရောင်များကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ထို့ကြောင်းမိမိအသုံးပြုလိုသော အကြောင်းအရာ ကိုမူတည်၍ အရောင်စနစ် ကိုဦးစွာရွေးချယ်သင့်ပါတယ်။
PC Monitor ကို RGB color ဟုယူဆပြီး ပုံနှိပ်မည့် စက္ကူဖြူကို CYMK ဟုယူဆလျင်မှတ်ရလွယ်ကူပါလိမ့်မည်။ သဘောသဘာဝခြင်းလည်း အဆင်တူပါသည်။
အဖြူရောင်ကိုရရှိရန် RGB တွင် (255,255,255) အရောင်သုံးခုစလုံးကိုအများဆုံးတန်ဖိုးပေးရပါတယ်၊ ဒါကြောင့် RGB color များကို Additive color လို့ခေါ်ပါတယ်။ CMYK မှာတော့ပုံနှိပ်လုပ်ငန်းနဲ့ဆိုပိုတောင် ရှင်းပါတယ် စက္ကူအဖြူပေါမှာ အဖြူရောင်ရဖို့ဘာဆေးမှမလိုပါဘူး။ ဒါကြောင့် (0,0,0,0) ထိချပေးရမှာပါ။ အဲဒါအတွက်ကြောင့် CMYK color များကို Subtractive color လို့ခေါ်ပါတယ်။

                                                                               ရေးသားသူ------အလွမ်းပိုင်ရှင်