Popular Posts

Monday, November 26, 2012

မီး စာလုံးလေး ရေးကြရအောင်

မီးစာလုံးလေး ဖန်တီးကြစို့ ...........

Photoshop File ကိုဖွင့်ပြီး File new ပါ။

Tools box ထဲမှ Type (T) ကိုကလစ်နိုပ်ပြီး မိမိကြိုက်နှစ်သစ်ရာစာလုံးကိုရိုက်ပါ
ကျွန်တော်ကတော့ Fire ဆိုတဲ့စာလုံးကိုရယူထားပါတယ်။



ပြီးလျှင် မီးစာလုံးလေးစလုပ်ကြရအောင် မိမိရိုက်ထားသော စာလုံး Layer File ကို Click နိုပ်ပြီး Select ပြုလုပ်ထားပါ။ ထိုနောက် add a Layer style (FX) ကိုကလစ်လုပ်ပါ ၊ blending option  ကိုနိုပ်ပါ။ထိုနောက် Layer option boxထဲမှ Gradient Overlay ကို Click ပါ။
ထိုနောက် Colour Style ထဲမှ orange,yellow,orang ကိုရွေးချယ်ပါ။



 
ပြီးလျှင် create a new Layer တစ်ခုကိုယူပြီး စာရိုက်ထားသော type Layerနှင့်အတူု Select လုပ်၍  Ctrl+E ကိုနိုပ်ပါ။ Layer တစ်ခုရလာလိမ့်မည်။
Back ground ကိုအနက်ရောင်ပြောင်းပေးပါ။

ထိုနောက်မီးတောက်ကိုလုပ်ရန် Menu bar ပေါ်မှ Filter ကိုနိုပ်ပြီး Artistic ထဲက Fresco ကိုကလစ်ပါ။  Styel farsco ကိုနိုပ်ပြီး Ok လုပ်ပါ။

 
Toolbox ထဲမှ Blur tools ကိုယူပြီး စာလုံးပုံပေါ်တွင် မီးတောက်ဖြစ်အောင် မောက်ဖြင့် အပေါ်သို့ဆွဲတင်ပေးပါ သင်လိုအပ်သလိုပြုပြင်ပြီး မီးတောက်တစ်ခုဖန်တီးယူလိုက်ပါ။



ကျွန်တော်က အနက်ရောင် အောက်ခံနှင့် Fire ဆိုတဲ့တစာလုံးကို ဒီလိုလုပ်ထားပါတယ်။




သူငယ်ချင်းများဖန်တီးနိုင်ကြပါစေ
By: Kohtaikdesigner777@gmail.com

Friday, November 2, 2012

မူရင်းဓါတ်ပုံအရောင်အသွေးအတိုင်းအနောက်ခံကာလာပြောင်းနည်း


Photoshop cs4 ဖြင့် မူရင်းဓါတ်ပုံအရောင်အသွေးအတိုင်းအနောက်ခံကာလာပြောင်းနည်း

(1)   Photoshop cs-4 ကိုဖွင့်ပြီး File Open ထဲမှ မိမိနှစ်သက်သော ပုံကိုရွေးချယ်ပါ။

(၂)   Layer Box ထဲတွင် layer Background ကိုမောက်ကလစ်(၂)ချက်နိုပ်ပြီး  layer 0 ပြောင်းပေးပါ။

(၃)   layer 0 ကိုပွားယူဖို့ Ctrl+j ကို နိုပ်၍ ပုံ(၁)ခုလောက်ပွားယူလိုက်ပါ။ layer 0 Copy တစ်ခုရလာလိမ့်မည်။ ရရှိလာသော layer 0 Copy နဘေးမှ မျက်စိပုံ လင်းကိုနိုပ်ပြီး ခဏပိတ်ထားလိုက်ပါ။


           
(၄)   Tools Box ထဲမှ pin tool(P)ကိုရွေးချယ်ပြီး လူပုံအနားပတ်လည်ကို ဖြတ်ထုတ်ရန်  Pin tool ဖြင့် Layer 0 ပေါ်တွင်ဆွဲသားပေးပါ။ ပြီးလျှင်Right Click နိုပ်ပြီး make Selection လုပ်၍ ok နိုပ်လိုက်ပါ။


ရလာသော Select ကို Shift +Ctrl+I ကိုအသုံးပြုပြီး   Delete Key ကိုနိုပ်လိုက်သောအခါလူပုံကျန်နေလိမ့်မည်။



(၅)   Blackgroundပြုလုပ်ရန်Layer0 Copyကိုရွေးချယ်ပြီး၊ ပုံရဲ ဆိုဒ်ကိုသေးရန်  Ctrl+T ကိုနိုပ်ပြီး ပုံကိုသေးလိုက်ပါ။ ပြီးနောက် ထိုပုံကိုCtrl+Alt+Mouse အသုံးပြုပြီး Blackground ပေါ်တွင် (9) ခု (သို့) လိုအပ်သလိုပွားယူလိုက်ပါ။

(၆)   ပွားယူထားသော Layer Copy များကို Select မှတ်ပြီး Ctrl+E ကို နိုပ်၍ပေါင်းလိုက်ပါ။ ကျန်သော layer 0 ဖွိုင်ကိုအပေါ်သို့ရွှေ့ထားပေးပါ။


 (ရ)   layer 0 Copy ဖွိုင်ကို Black ground ကာလာပြုလုပ်ရန် Menu Bar ပေါ်က Filter ထဲမှ Blur ကိုနိုပ်၍ Radial Blurနိုပ်ပြီး Zoom ကိုအမှတ်ပေးပါ ထိုနောက် Amount (65%)နေရာတွင် လိုအပ် သလို ချိန်ဆပြီး Ok ကိုနိုပ်ပါ။
ပြုပြင်ပြီးလျှင် အောက်ကပုံမျိုး background ကာလာအလှန်းလေးနှင့် တွေ့ရလိမ့်မည်။
ကျွန်တော်ပြုလုပ်ပြီးပုံ
(8)        ဓါတ်ပုံမူရင်းကာလာအရောင်အသွေးအတိုင်း Blackground ကာလာ ပြုလုပ်ပုံပါ။

သူငယ်ချင်းများပျော်ရွှင်နိုင်ပါစေ
By: kohtaikdesigner777@gmail.com        
             

Tuesday, October 9, 2012

Photoshop တွင်အရောင်များအသုံးပြုနည်း

Photoshop တွင်အရောင်များဘယ်လိုသုံးမလဲ


Photoshop တွင်အရောင်များကိုနည်းစနစ်အမျိုးမျိုးဖြင့်အသုံးပြုနိုင်သည်။ အများဆုံးသုံးသောစနစ်များမှာ RGB (Red, Green, Blue) နှင့် CMYK (Cyan, Magenta, Yellow, Black) တို့ဖြစ်ပါတယ်။ Tools Box ထဲက foreground color နဲ့ background color တို့ကို click နှိပ်တာနဲ့ Color Picker မှာအရောင်များကိုရွေးချယ်နိုင်ပါတယ်။ မျက်စိအမြင်နဲ့ဖြစ်စေ တန်ဖိုးနဲ့ဖြစ်စေရွေးချယ်နိုင်ပါတယ်။
အရောင်များကိုတန်ဖိုးနဲ့ရွေးချယ်ရာမှာတော့ Decimal value ( 0 မှ 255 ထိ ) နဲ့ဖြစ်စေ Hex value (00 မှ FFထိ ) နဲ့ဖြစ်စေရွေးယူ နိုင်ပါတယ်။ ဥပမာ RGB စနစ်မှာအနီရောင်စစ်စစ်ကိုရယူလိုလျင် Decimal value တွင် (255,0,0) သို့မဟုတ် Hex value တွင် (FF,00,00) ဟုရိုက်ရပါမည်။

 
အရောင်စနစ်များတွင် မူလရောင် ( ဥပမာ RGB စနစ်တွင်မူလရောင်သည် Red, Green and Blue , CMYK စနစ်တွင်မူလရောင်သည် Cyan, Magenta, Yellow, Black) များကိုပေါင်းစပ်ခြင်းဖြင့် တစ်ဆင့်ရောင်နှင့် အခြားအရောင်များကိုရရှိပါသည်။သို့ဖြင့် RGB စနစ်တွင်  အ၀ါ ရောင်ရလိုပါက Red နှင့် Green တို့ကိုတန်ဖိုးအများဆုံး (255,255,0) ပေးကာရောစပ်ပေးရပါမည်။ အလားတူအခြားအရောင်များကိုလည်း ပေါင်းစပ် ရယူနိုင်ပါသည်။ အကယ်၍သင်ရွေးလိုက်သောအရောင်ဟာ print ထုပ်လို့မရနိုင်ရင် out of gamut for printing sign လေးပေါ်လာ ပါလိမ့်မယ် ဒါမှမဟုတ် web page တွေမှာမပြနိုင်ဘူးဆိုရင် not a web safe color sign လေးပေါ်လာပါလိမ့်မယ်။ အဲ့ဒီ sign လေးကို mouse နဲ့ click နှိပ်ပေးလိုက်တာနဲ့ နီးစပ်တဲ့တခြားအရောင်တစ်ခု ကို photoshop ကရွေးချယ်ပေးပါလိမ့်မယ်။
 








RGB စနစ်ကို monitor, photo printing services နှင့်အခြားသောလုပ်ငန်းများတွင်သုံးပြီး CMYK ကိုတော့ ပုံနှိပ် offset နှင့် vinyl printing ကဲ့သို့သောလုပ်ငန်များတွင်သုံးပါတယ်။ ပုံတစ်ခုတွင် RGB စနစ်မှ CMYK စနစ်သို့ဖြစ်စေ CMYK စနစ်မှ RGB စနစ်သို့ဖြစ်စေ ပြောင်းလဲခြင်းသည်  အသုံးပြုထားသောအရောင်များကိုပြောင်းလဲသွားစေနိုင်ပါတယ်။ ထို့ကြောင်းမိမိအသုံးပြုလိုသော အကြောင်းအရာ ကိုမူတည်၍ အရောင်စနစ် ကိုဦးစွာရွေးချယ်သင့်ပါတယ်။
PC Monitor ကို RGB color ဟုယူဆပြီး ပုံနှိပ်မည့် စက္ကူဖြူကို CYMK ဟုယူဆလျင်မှတ်ရလွယ်ကူပါလိမ့်မည်။ သဘောသဘာဝခြင်းလည်း အဆင်တူပါသည်။
အဖြူရောင်ကိုရရှိရန် RGB တွင် (255,255,255) အရောင်သုံးခုစလုံးကိုအများဆုံးတန်ဖိုးပေးရပါတယ်၊ ဒါကြောင့် RGB color များကို Additive color လို့ခေါ်ပါတယ်။ CMYK မှာတော့ပုံနှိပ်လုပ်ငန်းနဲ့ဆိုပိုတောင် ရှင်းပါတယ် စက္ကူအဖြူပေါမှာ အဖြူရောင်ရဖို့ဘာဆေးမှမလိုပါဘူး။ ဒါကြောင့် (0,0,0,0) ထိချပေးရမှာပါ။ အဲဒါအတွက်ကြောင့် CMYK color များကို Subtractive color လို့ခေါ်ပါတယ်။

                                                                               ရေးသားသူ------အလွမ်းပိုင်ရှင်

Friday, September 28, 2012

Adoble Photoshop-Cs4ဖြင့်လှပသောရောင်စုံဆံကေသာများဖန်တီးခြင်း


Photoshop-Cs 4 ဖြင့်လှပသောရောင်စုံ ဆံကေသာများပြောင်းလဲခြင်း

 Photoshop Cs-4 File ကိုဖွင့်ပြီး File Open ကိုဖွင့်ပါ၊ မိမိကျွန်ပျူတာအတွင်းရှိ မိန်းကလေး ပုံတစ်ပုံကိုယူပါ၊ ကျွန်တော်က ဒီပုံအလှန်းလေးကိုယူထားတယ်။


(၁)     Tools bar ထဲမှ Polygonal lasso tool ကိုနိုပ်ပါ။ Shift +j ကိုနိုပ်လဲရတယ်
သင့်ရဲမောက်ကို ပုံပေါ်သို့ရွေ့တင်ပြီး မိန်ကလေးရဲ ဆံကေသာအနားပတ်လည်ကို မောက်ဖြင့် အစမှတ်မှအဆုံးအမှတ်ထိ နိုပ်ပေးပါ၊ အမှတ်နှစ်ခုပေါင်းသွားလျှင် သင့်ရဲမောက်ကိုလွတ်လိုက်ပါ၊ Select အမှတ်အနားသတ်ဖြင့်နေတာကိုတွေ့လိမ်မယ်။

 
(၂)     အနာသတ်Select  ဧရိယာဖြင့်လျှင် Menu bar မှ Select ကိုနိုပ်ပြီး modify မှ Feather ကိုနိုပ်ပါ  Father Tedius ကို 10 Pixels ပြောင်းပြီး ok ကိုနိုပ်လိုက်ပါ။


 
(၃)       Menu bar မှ Image ကိုနိုပ်ပြီး  Adjustments ထဲမှ Hue/ Saturation ကိုနိုပ်လိုက်ပါ
           Box တစ်ခုကျလာလိမ့်လျှင် colorize ကိုအမှတ်ပေးထားပါ။ 






ကျွန်တော်က ရွှေအိုရောင် ဆံကေသာပြုလုပ်ဖို့အတွက်
          Hue----- နေရာမှာ 50
          Saturation------နေရာမှာ 69
Lightness-------နေရာမှာ +37 ကို ပြောင်းပေးထားတယ်၊ သယ်ရင်တို့က ကြိုက်နှစ်သက်ရာအရောင်တွေကိုပြောင်းလွဲနိုင်ပါတယ်---- ok ကိုနိုပ်လိုက်ပါ
ပြီးလျှင် file ကိုနိုပ်ပြီ Save လုပ်ထားလိုက်ပေါ့သူငယ်ချင်းတို့---------
         လှပသောဆံကေသာအဖြင့်ပြောင်းလွဲသွားလိမ်မည်-----------------

 သူငယ်ချင်းအပေါင်း ပျော်ရွှင်သောပုံများဖန်တီးနိုင်ပါစေ-------------------------------------
kohtaikdesigner777@gmail.com သို့ဆက်သွယ်နိုင်ပါတယ်--------

Friday, September 7, 2012

ကျနော့်ရဲ့ နေရာလေးတစ်ခု

မြိတ်မြို့အတွက် ကျနော်တို့ နည်းပညာ ဖြန့်ဝေပေးနေတဲ့ နေရာလေးပါ... ဒီနေရာလေးကို လာလည်ဖို့လည်း ဖိတ်ခေါ်ပါတယ်...

Sunday, July 29, 2012

....အစပျိုးမိတ်ဆက်စကားလေးပါ....

Adobe Photoshop ၊ CorelDRAW ၊ Adobe Premiere စသည်ဆွဲသားနည်းတို့ကို အသုံးပြု၍ ဗီဒီယို၊ ဓါတ်ပုံ ဒီဇိုင်းဖန်တီးမှုများ၊ အထူးပြုလုပ်ချက်များကို ကျွန်တော် လေ့လာဆည်းပူးမိသလောက် စုစည်းတင်ပြပေးသွားပါမည်။