Popular Posts

Saturday, May 4, 2013

Photoshop File Formats များခွဲခြားပုံ

Photoshop File Formats များခွဲခြားပုံ
 
Photoshop ဟာ file format များစွာကို support ပေးထားပါတယ်။ အခုပြောမှာက အသုံးများတဲ့ format တချို့ပါ။
Photoshop (*.PSD)

ဒီအမျိုးအစားဟာ Photoshop ရဲ့ default format ပါ။ file ကို ပြုပြင်စရာတွေရှိသေးတယ် (ဥပမာ text တွေ layer အရွေ့ အပြောင်းတွေ) ဆိုရင် ဒီ format နဲ့ save ထားဖို့လိုပါတယ်။ ဒါမှ ပြန် edit လုပ်ရတာလွယ်မှာပါ။ အရင် Photoshop 7.0 မှာ file size ဟာ 30,000 pixel by 30,000 pixel ထိ ရပါတယ်။ အခု Photoshop အသစ်တွေဖြစ်တဲ့ CS or CS2 မှာတော့ file size ဟာ 300,000 x 300,000 pixels ထိ လုပ်ဆောင်နိုင်ပါပြီ။ file type ကတော့ (*.PSD) ပါ။

JPEG
 
Joint Photographic Experts Group ဆိုတဲ့ အဖွဲ့တစ်ခုရဲ့ file compression algorithm ကို ခေါ်ထားတာပါ။ file format မဟုတ်ပါဘူး။ တကယ့် file format အမှန်က JFIF (JPEG File Interchange Format) ပါ။ ဒါပေမယ့် JPEG ဆိုတဲ့ အမည်ပဲ တွင်ကျယ်လာခဲ့ပါတယ်။ အရောင်စနစ်အနေနဲ့ RGB, CMYK, Grayscale တွေသုံးလို့ရပါတယ်။ ဒါပေမယ့်သူက transparency ကိုတော့ support မလုပ်ပါဘူး။ File တစ်ခုကို JPEG format နဲ့ပြောင်းချင်ရင် အဲဒီ file ကိုဖွင့်ပြီး Save As လုပ်ပေးလိုက်ရုံပါပဲ။ file type မှာတော့ JPG ပေးလိုက်ပေါ့။
JPEG Option dialog box မှာ file ကို ဘယ်လို quality လိုချင်တယ်ဆိုတာလဲ စိတ်ကြိုက်ပေးနိုင်ပါတယ်။ 0 က quality အနိမ့်ဆုံးနဲ့ file size အသေးဆုံးပါပဲ။ 12 ကတော့ quality အကောင်းဆုံးနဲ့ file size အကြီးဆုံးပါပဲ။ File တစ်ခုကို size လျှော့ချင်တဲ့အခါမှာ ဒီလိုလုပ်လို့ရပါတယ်။ ဒါပေမယ့် JPEG file တစ်ခုကို JPEG file အဖြစ် ထပ် save as လုပ်တာဟာ quality ကို ထပ်ကျစေပါတယ်။
JPEG 2000 (*.JPF)

ဒါက JPEG ရဲ့နည်းပညာနောက်ဆက်တွဲတစ်ခုပါ။ သူ့ကို Acrobat Reader မှာလဲ ဖွင့်ကြည့်လို့ရလာပါတယ်။ Acrobat file တွေဟာ cross-platform format ပါ။ operation system အများစုနဲ့ အဆင်ပြေပါတယ်။

CompuServe GIF

GIF (Graphics Interchange Format) ဟာ web page တွေအတွက် အသုံးများပါတယ်။ transparency support လုပ်ပါ တယ်။ အရောင်ကတော့ RBG, Index mode တွေပါ ၂၅၆ ရောင်ထိလဲ ကန့်သတ်ထားပါသေးတယ်။ Animation ပုံလေးတွေ လဲ ဖြစ်နိုင်ပါတယ်။ Animated GIF ကိုတော့ Image Ready နဲ့ ပြုလုပ်ရတာပါ။
TIFF (*.TIF)

Tagged Image File Format (TIFF) ဟာဆိုရင် digital printing services အများစုက လက်ခံနိုင်တဲ့ format ပါ။ scanner နဲ့ digital camera များမှာလဲသုံးပါတယ်။ အရောင်အနေနဲ့တော့ CMYK, RGB, Lab, Indexed color, Grayscale နဲ့ Bitmap တွေ အသုံးပြုနိုင်ပါတယ်။
Photoshop EPS

Adobe ရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Post script က ဆင်းသက်လာတာပါ။ Encapsulated Postscript (EPS) ပါ။ text, graphics တွေရောပြီး ပါဝင်နိုင်ပါတယ်။



No comments:

Post a Comment