Popular Posts

Sunday, May 5, 2013

အလင်းမှောင်ကိုအသုံးပြု၍ ထုများဖန်တီးခြင်း

အလင်းမှောင်ကိုအသုံးပြု၍ ထုများဖန်တီးခြင်း

Tint and Shade
အရာဝတ္ထုများဟာ အလင်းကြောင့်သာ ထုသဘောကို မြင်ရတာပါ၊ နောက်တစ်ခုက အလင်းရဲ့ဆန့်ကျင်ဘက်မှာ အမှောင် သဘာဝ ရှိနေပါတယ်။ ဒီအလင်းနဲ့အမှောင်ရှိမှသာ အရာဝထ္ထုတွေကို ထုသဘောရအောင် ဖန်တီးနိုင်မှာပါ။ Photoshop မှာ လည်း ဒီသဘောသဘာဝကို အသုံးပြုပါတယ်။ အရာဝထ္ထုတိုင်းမှာ ကိုယ်ပိုင်အရောင် (local color) များ ရှိကြပါတယ်။ ဥပမာ -  ငှက်ပျောသီးတစ်လုံးရဲ့ local color ပြောပါဆိုရင် အ၀ါရောင်ပါ။ အဲ့ဒီအရောင်များပေါ်ကိုအလင်းထိရောက်တဲ့အခါ အရောင်က ဖွေးဖြူလာပါတယ်၊ အလင်းမသက်ရောက်နိုင်တဲ့အမှောင်ဘက်မှာတော့ အမဲရောင်သန်းလာပါတယ်။ ဒီအချင်းအရာကို Tint and shade ကိုအသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ အရောင်တစ်ခုကို အဖြူရောင်နဲ့ရောစပ်လိုက်ရင် Tint လို့ခေါ်ပြီး အမဲရောင်နဲ့ ရောစပ်လိုက်ရင်တော့ shade effect ကိုရရှိမှာပါ၊ လက်တွေ့လုပ်ကြည့်ရအောင်။
Photoshop မှာ သင့်တော်မယ်အရွယ်နဲ့ new document တစ်ခုခေါ်ပါ၊ ပြီးရင် ပုံမှာမြင်ရတဲ့အတိုင်း guide line ရှစ်ခုကိုဆွဲပါ။ Ruler bar (if necessary press Ctrl + r) မှာ click and drag လုပ်ပြီး လိုချင်တဲ့နေရာမှာ drop လုပ်ပါ။ ဒါမှမဟုတ် အတိ အကျလိုချင်ရင်တော့ New Guide မှာ amount ရိုက်ထည့်ပေးပါ (View, New Guide)။ ပြီးရင် အပြင်ဘောင်လိုင်းလေးအတိုင်း Rectangular Marquee သုံးပြီး selection လုပ်ပါ။ အရောင်တစ်ခုခုကို fill လုပ်ပါ။ ဒါဆိုရင်ဒီပုံအတိုင်းမြင်နေရပါပြီ။
ပြီးရင် Polygon Lasso tool ကိုသုံးပြီး ဒေါင့်လေးကိုပုံမှာမြင်ရတဲ့အတိုင်း select လုပ်ပါ။
Edit, fill ကို နှိပ်ပါ၊ Contents မှာတော့ white ကိုရွေးပြီး Opacity မှာ 40 % လောက်ထားပြီး OK နှိပ်ပါ၊ ပုံကဒီလိုဖြစ်သွားပါပြီ။

 
Deselect လုပ်ပါ (Select, Deselect)၊ ပြီးရင် အောက်ဘက်အခြမ်းကိုလဲ ဒီနည်းအတိုင်းလုပ်ပါဦး။ Fill လုပ်တဲ့အခါမှာတော့ Contacts မှာ Black ရွေးပြီး Opacity ကိုတော့ 10% ပဲထားပါ။ အနက်ရောင်ကစွန်းထင်းလွယ်လို့ လျှော့လိုက်ရတာပါ၊ အခု ဆိုရင် ပုံဟာဒီလိုမျိုးဖြစ်လာပါပြီ။
Deselect လုပ်ပြီး Guide line တွေကို hide လုပ်လိုက်ရင် (press Ctrl + ;) ဒီလိုပုံစံမျိုးမြင်ရပါပြီ၊ အောက်ကပုံကိုကြည့်ပါ။
 
ဒီနည်းဟာအလွယ်ဆုံးနဲ့ အသုံးအ၀င်ဆုံးပါပဲ၊ သဘာဝနဲ့လဲနီးစပ်ပါတယ်။ ဒီနည်းကိုအသုံးပြုပြီး အောက်မှာပါတဲ့ပုံလေးကို လေ့ကျင့်ခန်းလုပ်ကြည့်ပါဦး၊ လွယ်ပါတယ်၊ အချိန်သိပ်မကြာလောက်ပါဘူး။

No comments:

Post a Comment