Popular Posts

Thursday, August 15, 2013

မျက်စိမှိတ်ပြသောကောင်မလေး.....

မျက်စိမှိတ်ပြသောကောင်မလေး.....


အရင်ဆုံးတော့ photoshop မှမိမိလိုချင်တဲ့ ပုံကိုဖွင့်လိုက်ပါမယ်


ပြီးတော့ Ctrl + J ကိုနှိပ်ပြီးတော့ layer ကို Duplicate လုပ်ပါမယ်၊ ဒါဆို layer palette မှာ layer နှစ်ခုကိုဒီလိုမြင်ရပါမယ်။
 

အပေါ်က layer 1 active ဖြစ်နေချိန်မှာ Filter>Liquify menu ကိုရွေးလိုက်ပါမယ်၊ အဓိကလုပ်ရမှာက မျက်လုံးတစ်ဖက်ကိုမှိတ်လိုက်တဲ့ပုံဖြစ်အောင် လုပ်ရမှာဖြစ်တဲ့အတွက် အပေါ်မျက်ခုံးက pixel တွေကိုအောက်ကို ကျသွားအောင်လုပ်ပြီး အောက်မျက်လုံး area က pixel တွေကို အပေါ်ကိုပြန်တင်မှာပါ၊ အဲဒီတော့ liquefy dialog က wrap tool ကိုသုံးမှာပါ။ အရင်ဆုံး မျက်လုံးပတ်ဝန်းကျင်က မလိုအပ်တဲ့ area တွေကို freeze လုပ်ထားပါမယ်။ Freeze mask tool ကို select လုပ်ပြီး မျက်လုံးနားတ၀ိုက်ကိုခြယ်လိုက်ပါ။




ဒါဆိုမျက်လုံးနေရာလေးကိုပဲ ပြင်ချင်သလိုပြင်လို့ရပါပြီ ကျန်တဲ့နေရာတွေ မထိခိုက်တော့ပါဘူး။ အခုဆက်ပြီးတော့ wrap tool ကိုသုံးပါမယ်။

အဲဒီ wrap tool လေးနဲ့ မျက်လုံးရဲ့အပေါ်ဘက်နေရာကို click and drag လုပ်ပြီး အောက်ဘက်ကိုဆွဲပါ။ မျက်လုံးကအ၀ိုင်းပုံစံလေးတော့ မပျက်အောင်ဂရုစိုက်ပေးပါ။ ပြီးရင်တော့ အောက်ဘက် area တွေကိုလဲ အပေါ်ကိုတင်ပေးပြီး မျက်လုံးမှိတ်သွားတဲ့ပုံစံ ရအောင်ဖန်တီးလိုက်ပါတယ်။




ကျန်တဲ့အပိုင်းကတော့ Animate လုပ်ဖို့ပဲကျန်ပါတော့တယ်၊ photoshop မှာ CS3 ကနေစပြီးနောက်ပိုင်း version တွေမှာ Image Ready မပါတော့ပါဘူး။ ဒါကြောင့် CS3 နှင့်အထက်အသုံးပြုသူတွေက Window>Animation menu ကိုရွေးလိုက်ပါမယ်။ (အရင် version အဟောင်းအသုံးပြူသူတွေကတော့ Animation tutorial တွေမှာ Image Ready နှင့်တွဲအသုံးပြုပုံကိုပြန်ကြည့်ပါ)


တခါအဲဒီ Animation palette ရဲ့ ညာဘက်အပေါ်က triangle လေးကိုနှိပ်ပြီး ပေါ်လာတဲ့ fly out menu ကနေ Make Frame From Layers ကိုရွေးလိုက်ပါမယ်။ ဒါဆို Animation palette မှာ Frame နှစ်ခုဖြစ်သွားပါပြီ။ အဲဒီ frame တွေကမှ Frame1 ရဲ့ Delay time ကို 2 sec ပေးပြီး Frame2 ကိုတော့ 0.2 sec ပေးလိုက်ပါမယ်၊ မျက်လုံးဖွင့်ထားတဲ့ အချိန်ကိုကြာစေချင်ပြီး ပိတ်လိုက်တဲ့ ချိန်ကိုမြန်စေချင်လို့ပါ။ ပုံမှကြည့်ပါ။

ကဲအခုဆိုရင် အားလုံး Ready ပါပဲ၊ File>Save For Web & Devices ကိုရွေးလိုက်ပါ၊ File type ကို GIF မှာထားပြီး Save button ကိုနှိပ်လိုက်ပါ Save Optimized As box မှာ File Name ပေးပြီး Save button နှိပ်လိုက်ရင်လိုချင်တဲ့ ပုံရပါပြီ။
ကဲအခုဆိုရင်တော့ ကောင်မလေးကမျက်လုံးတဖက်မှိတ်ပြနေပါပြီ 
သူငယ်ချင်းများပျော်ရွှင်နိုင်ပါစေ-------

1 comment:

  1. အကို သင်ပေးတာလေးတွေကို ebookလေးလုပ်ပြီးတင်ပေးရင်ကောင်းမှာပဲအကိုရယ်လိုင်းကမကောင်းတော့blogဆိုဒ်တွေကအကြာကြီးစောင့်ရလို့ပါသင်ခန်းစာတွေပြန်ဖတ်ချင်ရင်ebbokလေးရှိတော့အဆင်ပြေတာပေါ့ဆရာအကိုသင်ကြားပို့ချပေးတာတွေအတွက်ကျေးဇူးအများကြီးတင်ပါတယ်

    ReplyDelete